Getting Started PHP with Xampp

Beginner တွေအတွက်ပါ၊ ဆရာကြီးတွေဆိုရင်တော့ မဖတ်နဲ့တော့ပေါ့... :D
PHP program ရေးတော့မယ်ဆိုရင် xampp ကို အရင် install လုပ်ထားရမယ်... Install လုပ်ပုံလုပ်နည်းကတော့ အထွေအထူးမဟုတ်လို့ ပြောမနေတော့ဘူးပေါ့။ ခု xampp ကိုအရင် run မယ်။


ကျွန်တော်တို့က php run မှာဆိုတော့ Apache ကို start လုပ်ပေးရင်ရပြီ။
ပြီးရင် ကျွန်တော်တို့  Xampp အလုပ်လုပ်လားသိရအောင် Mozilla ကနေ 127.0.0.1 ဒါမှမဟုတ် localhost ဆိုပြီး ခေါ်ကြည့်ပါ။ အောက်က ပုံလေးလို တက်လာရင် ကျွန်တော်တို့ ဆက် run လို့ ရပြီ။


ကျွန်တော်တို့ ရေးထားတဲ့ php ဖိုင်တွေကို mozilla ကနေ ခေါ်ပြီး run ရမှာပါ။ အဲလို run ဖို့ အတွက် C: ထဲက xampp ထဲကို သွားပါ။ အဲထဲမှာ htdocs ဆိုတဲ့ folder ရှိလိမ့်မယ်...။ အဲထဲမှာ folder တစ်ခုဆောက်ရမယ်။ ကြိုက်တဲ့နာမည်နဲ့ပေါ့ဗျာ... ကျွန်တော်ကတော့ testphp လို့ ပေးထားတယ်။
ကျွန်တော်တို့ ရေးထားတဲ့ php ဖိုင်ကို အဲဒီ testphp folder အောက်မှာ သိမ်းရမယ်။
ကဲ... php စမ်းရေးကြည့်မယ်။ ကျွန်တော်ကတော့ notepad++ သုံးတယ်ဗျာ။ လိုချင်ရင်တော့ အောက်မှာဒေါင်းလို့ရပါတယ်။ notepad နဲ့ရေးလဲ ရတယ်။
notepad++



ရေးပြီးရင် save လုပ်မယ်... (C:\xampp\htdocs\testphp\ အောက်မှာ မှတ်ရမှာနော်.... test.php လို့ မှတ်လိုက်မယ် )

ပြီးရင် ကျွန်တော်တို့ run ကြည့်မယ်။ mozilla ကနေ 127.0.0.1/testphp/test.php လို့ ရိုက်ကြည့်လိုက်...


OK နော်... ကျွန်တော်တို့ program ကို run လို့ ရတယ်... error မတက်ဘူး။ error အများဆုံးဖြစ်နိုင်တာက  php ရဲ့ လမ်းကြောင်းကို ခေါ်တာမှားတတ်လို့ ။ ဒီတိုင်းသေချာလုပ်ရင် ဘာ error မှ မတက်ဘူး။ phpNusphere နဲ့ ရေးရင်လဲ ရပါတယ်..။ ကျွန်တော့မှာ phpNusphere မရှိသေးလို့ ...။ ရတဲ့အခါကျရင် install လုပ်နည်းရော ရေးပုံရေးနည်းပါ တင်ပေးပါ့မယ်။

Comments

Popular posts from this blog

UML OQ (2014)

Database for Lab test(mySQL)

Networking Assignment