Posts

Showing posts from June, 2014

DBMS Practical for 3rd Year

ဒီအပုဒ်က အခန်းထဲမှာ ဆရာမရေးပေးတဲ့ အပုဒ်ပါ... မေးခွန်းက ရှည်တော့ ebook လေးလုပ်ထားတယ်။ သိမ်းထားပြီး Lab Test တွေနီးမှ ပြန်ကြည့်လဲ ရတာပေါ့။ အောက်မှာမေးခွန်းကို အရင်ဒေါင်းလိုက်ပါ။ Download အရင်ဆုံး Database တစ်ခုအရင်ဆောက်မယ်။ ကျနော် စက်ထဲမှာ run ရမယ့် ကုတ်တွေကို အစိမ်းရောင်နဲ့ ပြပေးထားတယ်။ mysql> create database pra2; Query OK, 1 row affected (0.01 sec) mysql> use pra2; Database changed ပြီးရင် table တွေထည့်ကြမယ်... အရင်ဆုံး Student table ကိုအရင်ထည့်မယ်... (မေးခွန်းမှာ table ပုံစံပါတယ်) Query Ok တို့ Database Changed တို့ ဆိုတာက ကျနော်တို့ လုပ်ခဲ့တဲ့ process မှန်တယ်ဆိုတာကို ပြပေးတာပါ..။ နောက်ဟာတွေကျရင် ကျနော်အဲဒါလေးတွေ ဖြုတ်ထားခဲ့တော့မယ်။ mysql> create table Student(sid CHAR(5) primary key, sname CHAR(20), major CHAR(10), level CHAR(10),age numeric(10)); table ဆောက်တဲ့နေရာမှာ ကျနော်တို့ primary key တွေ foreign key တွေ သတ်မှတ်ပေးရတယ်... ဘာလို့ လဲ ဆိုတော့ နောက်ဆုံးဆောက်ရမယ့် table မှာ ပထမ table ၂ ခုက column တွေ ပြန်ပါနေလို့ ...အဲဒါကြောင့် Student table ထဲက column တစ်ခုဖြစ်...

Getting Started PHP with Xampp

Image
Beginner တွေအတွက်ပါ၊ ဆရာကြီးတွေဆိုရင်တော့ မဖတ်နဲ့တော့ပေါ့... :D PHP program ရေးတော့မယ်ဆိုရင် xampp ကို အရင် install လုပ်ထားရမယ်... Install လုပ်ပုံလုပ်နည်းကတော့ အထွေအထူးမဟုတ်လို့ ပြောမနေတော့ဘူးပေါ့။ ခု xampp ကိုအရင် run မယ်။ ကျွန်တော်တို့က php run မှာဆိုတော့ Apache ကို start လုပ်ပေးရင်ရပြီ။ ပြီးရင် ကျွန်တော်တို့  Xampp အလုပ်လုပ်လားသိရအောင် Mozilla ကနေ 127.0.0.1 ဒါမှမဟုတ် localhost ဆိုပြီး ခေါ်ကြည့်ပါ။ အောက်က ပုံလေးလို တက်လာရင် ကျွန်တော်တို့ ဆက် run လို့ ရပြီ။ ကျွန်တော်တို့ ရေးထားတဲ့ php ဖိုင်တွေကို mozilla ကနေ ခေါ်ပြီး run ရမှာပါ။ အဲလို run ဖို့ အတွက် C: ထဲက xampp ထဲကို သွားပါ။ အဲထဲမှာ htdocs ဆိုတဲ့ folder ရှိလိမ့်မယ်...။ အဲထဲမှာ folder တစ်ခုဆောက်ရမယ်။ ကြိုက်တဲ့နာမည်နဲ့ပေါ့ဗျာ... ကျွန်တော်ကတော့ testphp လို့ ပေးထားတယ်။ ကျွန်တော်တို့ ရေးထားတဲ့ php ဖိုင်ကို အဲဒီ testphp folder အောက်မှာ သိမ်းရမယ်။ ကဲ... php စမ်းရေးကြည့်မယ်။ ကျွန်တော်ကတော့ notepad++ သုံးတယ်ဗျာ။ လိုချင်ရင်တော့ အောက်မှာဒေါင်းလို့ရပါတယ်။ notepad နဲ့ရေးလဲ ရတယ်။ notepad++ ရေးပြီးရင် save လုပ်မယ်... (C:\xampp\htdocs\testph...