VB.net with Window media Player
ကျောင်းမှာ VB သင်ရပါတယ်..
ကျောင်းဆိုတော့လည်း အသုံးဝင်မယ့် ဟာတွေတော့ over view ပဲ သင်ပေးထားးဒယ်
တချို့ဟာတွေတော့ သင်ရတဲ့ အချိန်ရယ် course တွေကြောင့် မသင်တာပေးတာဘဲ ထင်ပါတယ် :wako:
ပြောရမယ်ဆိုရင် VB က window application တွေ exe ဖိုင်းတန်းထွက်တော့
အတော်လည်းအဆင်ပြေတယ် ကျွန်မတို့ လို vB စလေ့လာသူတွေအတွက် ပ၇ိုဂ၇မ် အသေးလေးတွေေ၇းဖို့ အလွန်လွယ်ကူပါတယ်
ဟီးး:hehe: နိဒါန်းတွေများနေတယ် ဆက်ပြောမယ်နော်… :D
အစက VB မှာ ကျောင်မှာသင်တဲ့ textbox,label,checkbox,radio,menu,button,datetimepicker..Database
ချိတ်တာတွေ ဒါတွေလောက်ပဲသိခဲ့ပါတယ်
လွန်ခဲ့တဲ့ ၁လလောက်က သယ်ဂျင်းတစ်ယောက်က မွေးနေ့လက်ဆောင်ကို ပိုရိုဂရမ်ရေးပေးဆိုတော့
VB နဲ့အဆင်ပြေမယ်ဆိုပီးရေးပေးခဲ့တယ် ဒါမယ့် ပထမဆုံးစရေးတာဆိုတော့ တော်တော် အဆင်မပြေခဲ့ပါဘူးး
ဒါမယ့် သူ့ကိုလည်းကျေးဇူးတင်ရမယ် VB နဲ့ ပတ်သက်ပီ နည်းနည်းထပ်သိရလို့ :vic:
အာ့တိ ပ၇ိုဂ၇မ်လေးရေးတုန်းကတော့ အခုပြောမယ့် media play လေးတကယ်ကို မထည့်တတ်ခဲ့ပါဘူးး o.O
ဘရားသား Moe T@in ပြောခဲ့သလို google မခေါက်တတ်လို့ ပါ.. :sleep:
အခုတော့ google ကပဲ သိခဲ့ရတာပါ ဒါနဲ့ပဲ ကြိုးစားပီးးလျောက်လေ့လာ၇င်း
သိသလောက်လေး အဆင်ပြေအောင်ပြန်ရှယ်ပေးထားပါတယ် :super:
.............................................
...........စပြောမယ်နော်.................
ပထမဆုံး VB ကို ဖွင့်ရင် new နဲ့ခေါ်ပီး Windows forms application ကိုရွေးပါ နာမည်တော့ကြိုက်တာပေးပီး OK နှိပ်ပါ
ပီးရင် tool Box က နေ window media play ကိုယူပါမယ် ။အခုဒီတိုင်းရှာ၇င်တွေ့မှာမဟုတ်ပါဘူးး Hide လုပ်ထားတဲ့ tool တွေထဲပါသွားလို့ပါ အာ့တာကြောင့် သွားပီးး ခေါ်ပေးရမယ်
tool box အတွင်းထဲမှာ right click=>choose item=>COM component Tab ကိရွေးး
ပီးရင် အာ့ထဲမှာ window media player ကို select ပီးးOK နဲ့ထွက်လာပါ
ဒါဆို tool box ထဲမှာ window media player လေးရောက်လာပါလိမ့်မယ် သူ့ကို ဖောင်ထဲထည့်လိုက်ပါ
ပီးရင်သူ့ကို control မယ့် button နှစ်ခုထည့်ချင်ပါတယ်
တစ်ခုက ဖွင့်ဖို့ နောက်တခုက ပိတ်ဖို့ပါ
အာ့တာဆို coding ပိုင်းသွားပါတော့မယ် အ၇ိုးရှင်းဆုံး သုံးထားပါတယ်
အဆင်ပြေနားလည်လွယ်အောင်ပါ
ဖွင့်ရန်ဆိုတဲ့ button ပို double click ပီးး ၀င်ခဲ့ပါ ပီးရင် code ကတော့
AxWindowsMediaPlayer1.URL = "c:\mediafile.wmv"
Button1.enabled=false
AxWindowsMediaPlayer1 ဒါကတော့ ခုနက window media play ရဲ့နာမည်ပါ ကိုယ်ဖွင့်ချင်တဲ့ သီချင်းကို url ရွေးပီးထည့်ပါ
ပီးရင်တော့ ဖွင့်ရန် ဆိုတဲ့ buttonကို enabled လုပ်တာခနပိတ်ချင်ရင်တော့ Button1.enable=false လို့ရေးလိုက်ပါ ဒါမှ
play နေတဲ့ချိန် အယ်၇ာမတက်အောင်..
ပီးရင် ပြန် ၇ပ်ချင်ရင် လည်း နောက် button ကို double click နဲ့ coding ကို ၀င်လိုက်ပါ
AxWindowsMediaPlayer1.Ctlcontrols.stop()
Button1.enabled=true
အဲ့တိမှာ Ctlcontrols.stop() ဒါကတော့ stop စေဖို့ functionတစ်ခုသုံးထားတာပါ buttonကို enabled false ခဲ့ရင်တော့ ပြန်
true ပေးလိုက်ပါ
ဒါဆို အဆင်ပြေပါပီ.
အော် ဒါနဲ့ သီချင်းပဲလာစေချင်တယ်ဆိုရင်တော့ ခုနက AxWindowsMediaPlayer1 လေးကို visible false ထားလိုက်ပေါ့နော်
form Load ကတည်းးက :D
အဆင်ပြေကြပါစေနော့ :ye:




Comments
Post a Comment