UML Tutorial for 3rd Year Lab Test
ကျောင်းမှာဖြေရတဲ့ အခါကျရင် Star UML ဆိုတဲ့ software ကိုသုံးပြီးဖြေရမှာပါ..။
Desktop မှာ StraUML ဆိုပြီးရှိနေလိမ့်မယ်..... အဲဒီ Software ကိုအရင်ဖွင့်ပါ။
ပထမဆုံးမြင်ရမှာက အောက်ကပုံလို အရင်မြင်ရမှာပါ....။
ပြီးရင် ကျွန်တော်တို့  Model တစ်ခု ထည့်ရမယ်.... Menu Bar ကနေ Model => Add => Model အောက်ကပုံအတိုင်းပါပဲ....
ပြီးရင် ညာဘက်နားလေးမှာ Model Explorer ဆိုတာရှိတယ်ဗျ ...အဲဒီအောက်မှာ Model1 ဆိုပြီး တစ်ခု ရောက်လာလိမ့်မယ် (ကျွန်တော်တို့  Model ကို နာမည်မပေးခဲ့ဘူးဆိုရင်ပေါ့)
အဲဒီ Model1 ကို right-click ထောက်ပြီး Add Diagram ဆိုပြီး ကိုယ်ဆွဲချင်တဲ့ Diagram ဆွဲလို့ ရပါတယ်... ။ ကိုယ်က Class Diagram ဆွဲချင်ရင် Class Diagram ပေါ့...။ UseCase ဆွဲချင်ရင် UseCase ပေါ့...။ လွယ်ပါတယ် :D
ကျွန်တော်တို့  ဆွဲမယ့် Class Diagram မှာ Attribute တွေ Operation တွေ ကိုလဲ လိုသလို ထည့်လို့ ရပါတယ်...။ ဘယ်ဘက်နားမှာ Tool Box လေးရှိတယ်...။ အဲထဲမှာ Diagram တွေ Attribute တွေ
Operation တွေ Relationship တွေ အကုန်ရှိပါတယ်...။ အသုံးပြုချင်တာကို Mouse နဲ့ ဆွဲပြီး ယူသုံးရုံပဲ
မသိရင်၊ နားမလည်ရင် ပြန်မေးပါ..... ကျွန်တော်လဲ ဒီလောက်ပဲနားလည်အောင် ရှင်းပြနိုင်တယ်...။
UML ဘာသာကို သေချာနားလည်ထားတဲ့လူကတော့ ဒီလောက်ဆို နားလည်လောက်ပါပြီ။

Comments
Post a Comment