Programming ဘာကြောင့် ခက်နေတာလဲ


ကျွန်တော်တို့ ကျောင်းမှာ Programming ကို ပထမနှစ်ကစပြီး တတိယနှစ်ထိ သင်ခဲ့ရပါတယ်... (Hons တို့  Master တို့ ကတော့ မတက်ဖူးလို့ မသိဘူး)  Programming ရဲ့  Logic တွေ Fundamental တွေ Data Structure တွေ Algorithm တွေ အစုံသင်ရပါတယ်... ဘယ်သင်တန်းမှာမှ အဲလောက်စုံအောင် မသင်ပေးပါဘူး တကယ်ပါ (မယုံရင် သွားတက်ကြည့်ကြပါ) 
ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား အများစုက Programming ကို မကျွမ်းကျင်ကြဘူး။ ကျောင်းပြီးလို့  Programmer ဖြစ်သွားတဲ့လူ တော်တော်များများကလဲ သင်တန်းတွေ ပြန်တက် OJT တွေဆင်း ပြီးမှ ဖြစ်တာ များပါတယ်(အများစုကို ပြောတာပါ အားလုံးတော့မဟုတ်ပါဘူး) ။ တကယ်က 3rd year လောက်မှာ Program ရေးတာကို တော်တော်လေး ရသင့်နေပါပြီ။ ဘာကြောင့် မရကြတာလဲ ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ် :D

ကျွန်တော်တို့  ပထမနှစ်ကနေ ပြန်ကြည့်ကြည့်မယ် .. C++  နဲ့ Data Structure ကိုသင်တယ်။
စာအုပ်တွေကတော်တော်လေးကောင်းပါတယ်။ Programming ရဲ့ အနှစ်သာရတွေ အများကြီးပါတဲ့ စာအုပ်ပါ။ ၀မ်းနည်းဖို့ ကောင်းတာက အဆုံးထိ မသင်ရတာပါ..။ Basic လေးတွေပိုင်သွားအောင်ဆိုပြီး သင်ရတော့လဲ အဆုံးထိ သင်ဖို့  အချိန်မလောက်ဘူးပေါ့...။ မသင်လဲ ကိုယ့်ဘာကိုယ် ဆက်လေ့လာသွားလို့ ရပါတယ်... ဘယ်လိုလေ့လာရမယ်ဆိုတာ နောက်ကျရင် ပြောပါမယ်။

ဒုတိယ နှစ်ဆိုရင်လဲ Java Programming ကို သင်တယ် ... Data Structure Vol 2 ကိုလဲ သင်တယ်...။  Programming ၀ါသနာပါတဲ့ လူတွေအဖို့ တော့ 2nd year က တကယ်ပျော်ဖို့ ကောင်းမှာပါ...။ Programming တွေ အများကြီး သင်ရတယ်.. JavaScript ကော ပါသေးလားမသိဘူး  :)
Java Programming စာအုပ်ကို အစအဆုံး သင်တာပါ.... GUI Programming တွေထိ သင်ပါတယ်...  တော်တော်များများက GUI ခန်းကို ခက်လို့  ပယ်ကြပါတယ်... မသိလို့ ခက်ကြတာပါ  တကယ်က လွယ်ပါတယ်။ (2nd Year ပြီးသွားရင် Program လေးတွေ ရေးလို့ ရနေပြီ )

တတိယနှစ်မှာ VB.Net ကို သင်တယ်... Database နဲ့ ချိတ်ဆက်တာတွေပါ သင်ရတယ်။ တကယ့် Project တွေလိုမျိုး သင်ရတာပါ..။ တကယ်အကျိုးရှိပါတယ်...။ ဒီမှာ တစ်ဖက်က MySQL ကိုလဲ သင်တဲ့ အတွက် DB Logic တွေပါ ရခဲ့ပါတယ်...။ 3rd Year ပြီးရင်တော့ Programming နဲ့ ပတ်သက်ပြီး တော်တော်လေး ဟုတ်နေပြီလို့ ပြောလို့ ရပါတယ်...။

မဟုတ်သေးဘူးဆိုလဲ ဟုတ်သွားအောင် လေ့လာကြည့်ရအောင် ... :D

ကျွန်တော်တို့  သင်ခဲ့တဲ့ Programming Logic တွေကိုပဲ အရင်ဆုံး ပြန်လေ့လာမယ်။


Programming Language တစ်ခုရဲ့ အဓိက ဖြစ်တဲ့ Main Point တွေကိုပဲ လေ့လာသွားပါ...

Variable တွေ Array တွေ Condition (if, else if ) စစ်တာတွေ Looping(while,Do while) ပတ်တာတွေ ကို လေ့လာပါ...  မသိမနေရ ထဲမှာပါပါတယ်...။

Class တည်ဆောက်တာကို လေ့လာပါ...
Class တည်ဆောက်တာက အရေးကြီးပါတယ်...။ ကျွန်တော်တို့  သင်ရတဲ့ထဲမှာက Class တစ်ခုထဲမှာ program  တစ်ခုထဲ ရေးတာများပါတယ်။ တကယ့် Project တွေမှာက Class တွေအများကြီး တည်ဆောက်ရတာ ကြောင့် Class တွေ တည်ဆောက်တာကိုတော့ သေချာလေ့လာသင့်ပါတယ်။

Object တွေကိုနားလည်အောင်ကြိုးစားပါ..
OOP မှာတော့ Object တွေအကြောင်းက မသိမဖြစ်သိနေရမှာပါ...။ Object တွေတည်ဆောက်ခြင်းနဲ့ ကျွန်တော်တို့ ရဲ့ Program ကို သက်သာ စေပါတယ်... Code Line တွေ နည်းစေတဲ့အတွက် Error တွေကို ဖြေရှင်းရတာ ကို လွယ်ကူစေပါတယ်။

Method
Method တွေကိုတော့ Object တွေနဲ့ ဆက်စပ် အလုပ်လုပ်ပါတယ်..။ Method ကလဲ Object လိုပါပဲ... သူ့ ကို သုံးပြီးတော့ Program ကို စေခိုင်းရာမှာ လွယ်ကူမြန်ဆန်စေပါတယ်..။ (Method, Object, Property တွေသုံးပြီးတော့ Game Program လေးတွေ ရေးကြည့်လို့ ရပါတယ်)

Help ကိုသုံးတတ်အောင် လေ့လာပါ...
     Program တွေရေးရင်းနဲ့ Error တွေတက်လာတဲ့ အခါမှာ လက်မလျှော့လိုက်ပါနဲ့ ... ဖြေရှင်းတတ်အောင်ကြိုးစားပါ..။ Error Msg တွေကို သေချာဖတ်ပါ...။ help ဆိုတာ ရှိပါတယ်... တစ်ချို့  Error တွေက Help မှာပြထားတာနဲ့တင် ဖြေရှင်းလို့ ရပါတယ်...။  ဖြေရှင်းလို့မရရင် Debug လုပ်ပြီး ဘယ်နေရာမှာ Error တက်လဲဆိုတာကို ရှာကြည့်ပါ...။ Error Message ကို မှတ်ပြီး Google မှာ ရှာပါ...။

Programming Forum တွေမှာ ဆွေးနွေးပါ...
    Programming Forum တွေအများကြီးရှိပါတယ်..  Java ဆိုလဲ Java Forum... VB.net ဆိုလဲ VbForum ဆိုပြီး ရှိပါတယ်..။ Forum တွေမှာ ဖတ်ပြီးတော့ လေ့လာနိုင်သလို မိမိရဲ့ အခက်အခဲတွေကိုလဲ မေးနိုင်ပါတယ်..။ တော်တော်များများက ဖြေပေးတတ်ကြပါတယ်...။ ကိုယ်ဖြေပေးနိုင်တဲ့ အခက်အခဲတွေကိုလဲ ဖြေပေးပေါ့...။

Source တွေရှာဖတ်ပါ...
     ကိုယ်လုပ်ချင်တဲ့ Project နဲ့ ပတ်သက်ပြီး Source တွေကို အရင်ဖတ်သင့်ပါတယ်....။ Source တွေမရှိဘူးတော့ မထင်ပါနဲ့ .. အကုန်နီးပါး အလကားရနိုင်ပါတယ်..။ အဲဒီ Source တွေဖတ်ပြီး ကိုယ့်ရဲ့  Skill တက်လာပါလိမ့်မယ်... ကိုယ်မသိဘူး မမြင်ဖူးတာတွေ ဖတ်ရပြီး ပညာတိုးလိမ့်မယ်...။ ကိုယ်စဉ်းစားထားတာနဲ့ မတူတဲ့ အတွေးအမြင် Logic တွေ ရလာလိမ့်မယ်....။ Source တွေကို ဘယ်လိုရှာရမလဲ ဆိုတော့ .... ဥပမာ- ကိုယ်က TicTacToe Game လေးကို VB.Net နဲ့ ရေးချင်တယ်ဆိုပါစို့ ။
Google ကိုသွားပြီး TicTacToe VB.net Source Code လို့ ရှာလိုက်ပါ... အဆင်ပြေတဲ့ နေရာကနေ ဒေါင်းလို့ ရပါတယ်။ Source တွေကို ဖတ်ရုံသာဖတ်ပြီး ကိုယ့် project ကို အစအဆုံး ပြန်လုပ်ပါ... သူများရေးထားတဲ့ Source မှာတော့ ကိုယ်လိုချင်တဲ့အတိုင်း ပြင်မရေးပါနဲ့ :D

ဒီလိုနည်းတွေနဲ့ သေချာလေ့လာမယ်ဆိုရင် 2nd Year အပြီးလောက်မှာ Android Application တွေ ရေးလို့ ရပါတယ် ...။ Game အသေးစားလေးတွေရေးလို့ ရပါတယ်။   ၀ါသနာတူတဲ့ သူငယ်ချင်းတွေစုပြီး ကိုယ့်အတွက် ကိုယ့်ကျောင်းအတွက် အကျိုးဖြစ်ထွန်းမယ့် Application တွေ Software တွေ ရေးစေချင်ပါတယ်...။ ၀ါသနာပါလို့  Virus ရေးချင်တယ်ဆိုလဲ ရေးလို့ ရပါတယ်... ဘယ်သူ့ အတွက်မှ အကျိုးမရှိပေမယ့် Virus ရေးနိုင်တဲ့ ပညာကိုတော့ လေးစားရမယ်.... (Virus ရေးချင်တဲ့လူတွေ ရှိရင် နောက်မှ ပို့စ်တစ်ခု တင်ဦးမယ်)

Comments

Popular posts from this blog

UML OQ (2014)

Database for Lab test(mySQL)

Networking Assignment