Posts

Showing posts from February, 2014

Programming ဘာကြောင့် ခက်နေတာလဲ

ကျွန်တော်တို့ ကျောင်းမှာ Programming ကို ပထမနှစ်ကစပြီး တတိယနှစ်ထိ သင်ခဲ့ရပါတယ်... (Hons တို့  Master တို့ ကတော့ မတက်ဖူးလို့ မသိဘူး)  Programming ရဲ့  Logic တွေ Fundamental တွေ Data Structure တွေ Algorithm တွေ အစုံသင်ရပါတယ်... ဘယ်သင်တန်းမှာမှ အဲလောက်စုံအောင် မသင်ပေးပါဘူး တကယ်ပါ (မယုံရင် သွားတက်ကြည့်ကြပါ)  ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား အများစုက Programming ကို မကျွမ်းကျင်ကြဘူး။ ကျောင်းပြီးလို့  Programmer ဖြစ်သွားတဲ့လူ တော်တော်များများကလဲ သင်တန်းတွေ ပြန်တက် OJT တွေဆင်း ပြီးမှ ဖြစ်တာ များပါတယ်(အများစုကို ပြောတာပါ အားလုံးတော့မဟုတ်ပါဘူး) ။ တကယ်က 3rd year လောက်မှာ Program ရေးတာကို တော်တော်လေး ရသင့်နေပါပြီ။ ဘာကြောင့် မရကြတာလဲ ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ် :D ကျွန်တော်တို့  ပထမနှစ်ကနေ ပြန်ကြည့်ကြည့်မယ် .. C++  နဲ့ Data Structure ကိုသင်တယ်။ စာအုပ်တွေကတော်တော်လေးကောင်းပါတယ်။ Programming ရဲ့ အနှစ်သာရတွေ အများကြီးပါတဲ့ စာအုပ်ပါ။ ၀မ်းနည်းဖို့ ကောင်းတာက အဆုံးထိ မသင်ရတာပါ..။ Basic လေးတွေပိုင်သွားအောင်ဆိုပြီး သင်ရတော့လဲ အဆုံးထိ သင်ဖို့  အချိန်မလောက်ဘူးပေါ့...။ မသင်လဲ ကိုယ့်ဘာကိုယ...